Archive

Archive for August 11, 2011

ဧရာဝတီ …. ညည်းချင်း

စီးဆင်းရလွန်းလို့ 
ခြေထောက်တွေလည်း
တိုလွန်းခဲ့ပြီ …….. ။
သြော် ….. လူတွေ
နှိပ်စက်ကလူ ပြုမူပုံများ
ငါ့ … နှလုံးသားက
သွေး “ ပွက်ပွက် ” ကျ
ပြီးခဲ့တဲ့ … အနိဌာရုံ
ငါ့ကိုလည်း ……
အပြစ်ပုံလို …. ပုံ ….. ။
ငါ့ကျောပေါ်က
စီးမျောလှုပ်ရှား
အစွယ် “ ထွားထွား ”
အတ္တသမားတွေ … ရေ ……
သောင်ပြင်တွေ မြင်ရင်
ငါ … ငိုချင်ခဲ့ ……. ။
ဒီလိုနဲ့ ပဲ ……
ရင်ကွဲပက်လက်
မြစ်ရိုးရာပျက်ခဲ့လေ …… ရဲ့ ……… ။

( မိုးသစ်ဝေ )