Archive

Archive for the ‘ဆောင်းပါး’ Category

အင်ဂျင်နီယာနဲ့ ကျောင်းဆရာ ဘယ်သူသာသနည်း

ပညာရပ်အသီးသီးသည် တန်ဖိုးရှိကြောင်း ကျွန်တော် ခံယူပါသည်။ ဆေးပညာ၊ စက်မှုနည်းပညာ၊ စီးပွားရေးပညာ၊ စိုက်ပျိုးရေးပညာ၊ သင်ကြားမှုနည်းပညာ စသည်တို့သည် သက်ဆိုင်ရာ ကဏ္ဍတိုင်းအတွက်အရေးကြီးသော ပညာရပ် များဖြစ်ပါသည်။ ဤပညာရပ်များကို အခြေခံသော အသက်မွေးဝမ်းကျောင်း အလုပ်များသည်လည်း တန်ဖိုးအသီးသီး ရှိသောအလုပ်များ ဖြစ်ပါသည်။

Read more…

တော်လှန်ရေး ဂလိုဘယ်လိုက်ဇေးရှင်း

ဖေ့စ်ဘွတ်၊ တွစ်တာတို့လို လူမှုဆက်သွယ်ပေါင်းဖော်ရေး ဝက်ဆိုက်တွေအကြောင်း၊ အိဂျစ်တော်လှန်ရေးအ ကြောင်းတွေ နားထောင်ကြည့်လိုက်ရင် အိဂျစ်အာဏာရှင် မူဘာရတ်ကို ဖြုတ်ချခဲ့တာက အိဂျစ်ပြည်သူတွေမ ဟုတ်ဘဲ (အမေရိကန်နိုင်ငံက ကွန်ပျူတာ/အင်တာနက်လုပ်ငန်းစု အခြေစိုက်ရာ) ဆီလီကွန်တောင်ကြားကပဲ ဖြုတ်ချခဲ့သလိုလို ထင်ရပါတယ်။

Read more…

ဗိုလ်ချုပ်အောင်ဆန်း – (၁၉၁၅ – ၁၉၄၇) (ဆောင်းပါး)

ဗိုလ်ချုပ်အောင်ဆန်း – (၁၉၁၅ – ၁၉၄၇)

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံ မကွေးတိုင်းရှိ မြေလတ်ဒေသ နတ်မောက်မြို့ကလေးတွင် မြန်မာသက္ကရာဇ် ၁၂၇၆၊ တပေါင်းလဆန်း ၁ ရက် (ခရစ် ၁၉၁၅၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက် ၅ နာရီ၊ ၃၅ မိနစ်တွင် ဦးဖာ (တတိယတန်းရှေ့နေ) ဒေါ်စုတို့မှ ဖွားမြင်ခဲ့သည်။

      ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဇာတာအမည်မှာမောင်ထိန်လင်းဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါကမျှ ထိန်းလင်းဟု မခေါ်ဟုဆို၏။ နောက်တွင် အကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ် တွင်လေသည်။ မိခင်ဒေါ်စု၏ သားသမီးကိုးယောက်အနက် မောင်အောင်ဆန်းသည် အထွေးဆုံးဖြစ်သည်။ ဗိုလ်ချုပ်၏မွေးချင်းများမှာ (၁) မခင်ညွှန့် (လယ်ဝန်ကတော်)၊ (၂) မ၀က် (အိမ် ထောင်မပြု) (၃) မောင်ဘ၀င်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ကျဆုံးခဲ့ရသူ)၊ မရွှေမှန် (ငယ်စဉ်ကွယ်လွန်)၊ (၅) မောင်နေအောင် (အမိန့်တော်ရရှေ့နေ)၊ (၆) မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)၊ (၇) မောင်ထွန်း လင်း၊ (၈) မောင်အောင်သန်း (ဘီအေ)၊ (၉)မောင်အောင်ဆန်းတို့ဖြစ်ကြသည်။