Archive

Archive for the ‘ကဗျာများ’ Category

မြစ်ကော

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်
ရေဝေတောတွေ ဆိုင်းဆို့ဆို့
မှိုင်းညို့ညို့ မှုံရီ။
ချင်းတွင်းနဲ့ ဧရာ ၀တီ
ရေပြာကြည်မှ မြန်မာ့သွေးဟေ့။
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အဖြစ်သဘော
မြစ်ကောတဲ့နေ့။
မောင်စိန်ဝင်း ( ပုတီးကုန်း )

ဦးကျော်သူ နာရေးကူညီမှုအသင်း facebook စာမျက်နှာ မှ တစ်ဆင့်ကူးယူပါသည်။

ဒေါင်းသွေး

August 12, 2011 Comments off

ကျောင်း ………
ခေါင်းလောင်းသံ တိတ်နေတာလား
သူတို့ အိပ်နေတာလား ………. ?
ခေတ်အဆက်ဆက်
ထက်မြခဲ့တဲ့ ဓားတွေ
ရာဇ၀င်ထဲမှာ ကျိုးကြေလို့ ….. ။
(” တောက် ” ခေါက်ရလွန်းလို့ 
လျှာဖျားတွေလည်း အသားမာတက် )
မြေလွှာကို ထိုးခွဲကြည့်
ကိုအောင်ကျော် သွေးတွေရှိတယ် ……. ။
ကောင်းကင်ကိုထွင်းဖောက်ကြည့်
ကိုဗဟိန်းရဲ့ မီးတောက်မတတ်
ဟစ်ကြွေးခဲ့တဲ့ အသံတွေရှိတယ် ……. ။
သူတို့  ၀ိညာဉ်တွေပူးကပ်
နဂါးတို့  ပလ္လင်ထက်
ဒေါင်းအလံတစ်လက်နဲ့ ငါတက်ခဲ့မယ် …….. ။

( မိုးသစ်ဝေ )

ဧရာဝတီ …. ညည်းချင်း

စီးဆင်းရလွန်းလို့ 
ခြေထောက်တွေလည်း
တိုလွန်းခဲ့ပြီ …….. ။
သြော် ….. လူတွေ
နှိပ်စက်ကလူ ပြုမူပုံများ
ငါ့ … နှလုံးသားက
သွေး “ ပွက်ပွက် ” ကျ
ပြီးခဲ့တဲ့ … အနိဌာရုံ
ငါ့ကိုလည်း ……
အပြစ်ပုံလို …. ပုံ ….. ။
ငါ့ကျောပေါ်က
စီးမျောလှုပ်ရှား
အစွယ် “ ထွားထွား ”
အတ္တသမားတွေ … ရေ ……
သောင်ပြင်တွေ မြင်ရင်
ငါ … ငိုချင်ခဲ့ ……. ။
ဒီလိုနဲ့ ပဲ ……
ရင်ကွဲပက်လက်
မြစ်ရိုးရာပျက်ခဲ့လေ …… ရဲ့ ……… ။

( မိုးသစ်ဝေ )

စွတ်ကြောင်း

ကျောင်းပရ၀ဏ်ဝမှာ
စိန်ပန်းတွေ မကြွေပဲ
လမ်းတွေရဲစွေ ….. လို့  ၊
လွယ်အိတ်တစ်ဖက်နဲ့ 
“ တိုင်းပြည်အတွက် ”
သူပုန်ဖြစ်ခဲ့ သူတွေ …….
သတ္တိကိုနှောင်ထုံးခတ်
ပြည်သူ့ တွေဘက် မားမားရပ်ရင်း
မငြိမ်းချမ်းရင် ကျွတ်တန်းမ၀င်ဘူးလို့ 
ရေစုန်ကိုချိုးဖြတ်
သူတို့ ဆန်တက်ခဲ့ …….. ။
သွေးပင်လယ်ကြားမှာ
နင့်နင့် ခါးခါး
“ မြန်မာပြည် ငြိမ်းချမ်းပါစေသား ”
ကိုယ့်အရိုး … ကိုယ်
တက်လိုထိုးရင်း
ဘီးလူးခေတ်မှာ
ရာဇ၀င်သစ် လှစ်ပြခဲ့ သူတွေ ……..
ငါတို့ တိုင်းပြည်ရဲ့
ဒီမိုကရေစီလမ်း
ခပ်ကြမ်းကြမ်းမှာ
အမှောင်ထုထဲက
ခေတ်ကိုပြန်လု
နတ်ဘုရားတွေ ရင်ဘတ်ထု ….. လို့  ၊
သေသူရဲ့ …..
သွေးစက်တွေအကြောင်း
ထပ်လောင်းဖွင့်ဟ
သူတို့ ပြောပြလိမ့်မယ် ……….. ။
မျက်ရည်စက်လက်နဲ့ 
သူတို့ ဆိုပြမဲ့သီချင်း
ဟစ်တလာလို
ရင်ဘတ်မရှိရင်
နင်တို့ ကြားချင် ကြားရလိမ့်မယ် ……. ။
“ …… ကမ္ဘာမကြေ ဗမာပြေ
ဒို့ … ဘိုးဘွားအမွေစစ်မို့ 
ချစ်မြတ်နိုးပေ ………..
………………. တို့ ပြေ
တို့ မြေ ………………..”
သွေးတွေလေ ……
စွန်းပေနစ်ရွှဲ ….. လို့  ၊
ဒီ …. သီချင်းကို
မျက်ရည် တ၀ဲဝဲနဲ့ ဆို
ငါ .. မ .. ငို .. ဘူး ….. ။
ငါတို့ တိုင်းပြည်ရဲ့
လူ့ အခွင့်ရေးတိုက်ပွဲ
ကျောင်းသားနဲ့  ကျည်ဆံ
ဘယ်သူက သမိုင်းအမှန်လဲဆိုတာ
မျက်ရည်လည်ရွဲ
ကမ္ဘာကြီးက ….
ပြော .. ပြ .. နေ .. ဆဲ …………… ။

( မိုးသစ်ဝေ )

ခွပ်ဒေါင်း

ကျောင်းသားဟာ
ဆူပူလှုံ့ဆော်ရေးသမားမဟုတ်
မဟုတ်မခံ
အမှန်တရားကို မြတ်နိုးသူသာဖြစ်တယ်။

ကျောင်းသားဟာ
တော်လှန်ရေးသမားမဟုတ်
ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်
လွတ်လပ်မှုကို ခုံမင်သူသာဖြစ်တယ်။

အေး … ဒါပေမယ့်
အမှန်တရား ဆိတ်သုဉ်း
လွတ်လပ်မှု ဆုံးရှုံးတဲ့အခါ
ကျောင်းသားဟာ ဆူပူလှုံ့ဆော်ရေးသမား ဖြစ်ရမယ်
ကျောင်းသားဟာ တော်လှန်ရေးသမား ဖြစ်ရမယ် … ။ ။

(၁၉၈၈ မတ်လတွင် ရေးသားသည်။  (ဒေါင်းအိုဝေမဂ္ဂဇင်းမှ …)

ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းကြစို့သူငယ်ချင်း


ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းကြစို့သူငယ်ချင်း

ဒီမယ်သူငယ်ချင်း…

ဒို့ငယ်စဉ်ကာလ ကလေးဘ၀ကပေါ့

အတူတူသွား အတူတူစား

အတူတူကစားလို့ စာတွေသင်

ပြုံးပျော်ရွှင်ကြ လက်တွဲကြပေါ့.

လူမျိုးမတူ ဘာသာမတူလဲ

တမြေတည်းသား ညီနောင်များမို့

ဒို့ချစ်ခင်ကြ လက်တွဲကြပေါ့…

Read more…

ကိုယ်ပိုင်အလင်း လင်းတဲ့နေ့

သမိုင်းတစ်ခုမှာ
အရိုးသားဆုံး အပြုံးတစ်ခုနဲ့
ကမ်းနှစ်ဖက်ကို တံတားထိုးပေးခဲ့သူ။

သူကနိုဗယ်ဆု မရဘူး။
အိုးဝေရဲ့ စာပွဲတင်အယ်ဒီတာတော့
ဖြစ်ဖူးလားဖြစ်ဖူးရဲ့…။

“ ကြည်ရေ-
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်…“
ဒီစကားလေးထားပြီး
သူထွက်သွားတဲ့ မနက်ခင်းခြေလှမ်းကို
ကျနော်တို့ရဲ့ နောက်ကျခြင်းခြေလှမ်းတွေက
ရင်ထဲမှာ ဇူလှိုင်မိုးတွေသွန်းဖိတ်စိုစွတ်နေဆဲ။
မစဲတဲ့ ပင်လယ်ပါ။
Read more…

၆၄ကြိမ်မြောက်အာဇာနည်နေ့ သို့

ညီလေးရေ….
မဖြေနိုင်…မပျယ်နိုင်…မမေ့နိုင်သေးဘူး
အဲဒီ…ဇူလိုင်၁၉ဂြိုလ်ဆိုးငင်တဲ့တစ်နေ့ကိုလေ…
အများအတွက်……အတ္တမဲ့တဲ့လူ….
အများအတွက်….အသက်မငဲ့သူ
အများအတွက်…..မျက်နှာမပျက်တဲ့လူ
အများအတွက်……နောက်မတွံ တက်သူ
အများအတွက်……အကြောက်အရွံမရှိတဲ့လူ
အများအတွက်…ပေးဆပ်ရဲတဲ့လူ
အများအတွက်…စွန့် လွှတ်ဝံ့ခဲ့သူ
သူလိုလူ….ဇဗ္ပူမရှိပါဘူး

Read more…

” အယ်ဒီတာကိုအောင်ဆန်း “

လွန်ခဲ့တဲ့နှစ်အစိတ်ကဗျာလေးတစ်ပုဒ်တဲ့ ကျွန်တော်တောင်လူမဖြစ်သေးဘူး ဒါပေမဲ့ပြန်ပြီးဖတ်ရတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရဲရင့်တဲ့သတ္တိတွေစိတ်ထဲကူးစက်ဦးညွတ်မိခဲ့ပါတယ်။ ကဗျာလေး က

“အယ်ဒီတာကိုအောင်ဆန်း“
သတ္တိရှိရှိ ၊ တာဝန်သိသိ
စာ၏တာဝန်၊ ငါ့တာဝန်ဟု
တာဝန်သိစိတ်၊ ခြင်္သေ့စိတ်နှင့်
အင်္ဂလိပ်ကျောင်းအုပ်ရှေ့ကအယ်ဒီတာ။
ခြိမ်းခြောက်သော်လဲ မဖြုန်၊
ချော့မြှောက်သော်လဲမတုန်၊
အိုးဝေအယ်ဒီတာ၏ဂုဏ်။

Read more…

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်

ငါအား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်၊
ဤမိုက်တွင်းမှနေ၍အနိင်မခံအရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ၊ ဖန်းဆင်းပေးသည့်နတ်သကြား
တို့အား ငါကျေးဇူးတင်၏။
လောကဓံတို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်သော်လည်း
ငါကားမတုန်၊မငိုကြွေး၊ကံတရား၏ရိုက်ပုတ်ခြင်း
ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည်
သွေးသံတို့ဖြင့်ရဲရဲနီ၏ ။ညွတ်ကားမညွတ်။
ဤလောဘဒေါသတို့ ကြီးစိုးရာ ဌာန၏အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှက်ရှိ၏။
သို့သော်ငါ့အားမတုန်လှုပ်သည်ကိုသာတွေရအံ့။နောင်ကို
လည်းဘယ်တော့မှ မကြောက်သည်သည်ကိုသာတွေ့ရအံ့။
သုကတိသို့ သွားရာတခါးသည် မည်မျှကျည်းမြောင်း
သည်ဖြစ်စေ၊ ယမမင်း ခွေးရေးပုရပိုက်ပ၌ ငါ့အပြစ်
တို့ကိုမည်မျှပင်များစွာမှတ်သားထားသည်ဖြစ်စေ
ငါ ကားဂရုမပြု။
ငါသာလျှင် ငါ့၏ အရှင်သခင် ဖြစ်၍ငါသာလျှင်
ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။